Skip to main content

မကွေးမြို့နယ်စည်ပင်မှ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ mask&face shieldများကိုစနစ်တကျတပ်ဆင်ကြစေရေးအတွက်အသိပေးလှုံ့ဆော်ခြင်းနှင့် Mask များဝေငှ

ဆောင်ရွက်စဉ်

မကွေးမြို့နေပြည်သူများcovid-19ရောဂါကာကွယ်တားဆီးရေးအတွက် လူတိုင်းMask တပ်ဆင်ရေး လက်ကိုမကြာခဏဆေးကြောရေးအတွက် Yellow Color Campaign ကိုမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှကြီးမှူး၍ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့တိုင်းဒေသကြီးဦးစီးမှူး၊ မကွေးတိုင်းဒေသကြီးတိုင်းကျန်းမာရေးတိုင်းဦးစီးမှူးနှင့်တိုင်းခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကန်သာစျေးစျေးကော်မတီတို့နှင့် မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ကန်သာစျေးတွင်၂၀.၁.၂၀၂၁ရက်နေ့နံနက် ၈နာရီ၃၀အချိန်တွင်ကျင်းပပြုလုပ်ခဲ့ပြီးစျေးရောင်းစျေးဝယ်များ၊လမ်းသွားလမ်းလာပြည်သူများအား ကူးစက်ရောဂါကာကွယ်ရေးအသိသတိရှိစေရေး mask&face shieldများကိုစံနစ်တကျတပ်ဆင်ကြစေရေးအတွက်အသိပေးလှုံ့ဆော်ခြင်း၊ Mask များဝေငှပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Township