Skip to main content

မကွေး

မကွေးမြို့နယ်စည်ပင်မှ မြင်သာရပ်ကွက် မြို့ရေပေးရေးလုပ်ငန်းတွင် စုပေါင်းရေဘား/ရေမီတာ တပ်ဆင်

မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှ မကွေးမြို့၊ မြင်သာရပ်ကွက် မြို့ရေပေးရေးလုပ်ငန်းတွင် စုပေါင်းရေဘား/ရေမီတာ တပ်ဆင်ခြင်းလုပ်ငန်း(Sub-main) အား (၂၅.၁.၂၀၂၁) ရက်နေ့တွင် ရေပေးရေးဝန်ထမ်းများနှင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးမြို့နယ်စည်ပင်မှ ကန်သာကန်ပတ်လမ်း သဲ/ကျောက်မြေ(ဗြုန်းမြေ)ခင်းခြင်းဆောင်ရွက်

မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကန်သာကန်သာယာလှပရေးအတွက် တိုင်းဒေသကြီးထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်သော ကန်ပတ်လမ်း သဲကျောက်မြေ(ဗြုန်းမြေ) ခင်းခြင်းလုပ်ငန်းအား(၂၄.၁.၂၀၂၁) ရက်နေ့တွင် စက်ယန္တရားများအသုံးပြု၍ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ 

မကွေးမြို့နယ်စည်ပင်မှ ရန်မျိုးနိုင်(၅)လမ်း ရေစီးရေလာကောင်းမွန်စေရေး အုတ်ရေမြောင်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀−၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျှက်ရှိသော မကွေးမြို့ ရန်မျိုးနိုင်(၅) လမ်း ရေစီးရေလာကောင်းမွန်စေရေး အုတ်ရေမြောင်းတည်ဆောက်ရေးလုပ်ငန်းခွင်အား (၂၂.၁.၂၀၂၁) ရက်နေ့တွင် မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မကွေးမြို့နယ်စည်ပင်၏ သုခိတာလမ်းကတ္တာရာလမ်းသစ်ခင်းခြင်းအား မြို့နယ်စည်ပင်ကော်မတီမှကွင်းဆင်းစစ်ဆေး

မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀−၂၀၂၁ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်လျှက်ရှိသော မကွေးမြို့ အောင်စေတနာရပ်ကွက်နှင့်အောင်မေတ္တာရပ်ကွက်တို့ရှိ သုခိတာလမ်း ကတ္တရာလမ်းသစ်ခင်းခြင်းလုပ်ငန်းအား (၂၂.၁.၂၀၂၁) ရက်နေ့တွင် မကွေးမြို့နယ်စည်ပင်သာယာ ရေးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့  အင်ဂျင်နီယာဌာနခွဲ တာဝန်ခံနှင့် တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ စစ်ဆေးစဉ်

မကွေးမြို့နယ်စည်ပင်မှ လမ်းခင်းကျောက်များ စုဆောင်းထားရှိမှုကွင်းဆင်းစစ်ဆေး

မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀−၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ကတ္တရာထပ်ပိုးလွှာခင်းလုပ်ငန်းဆောင်ရွက်မည့် မကွေးမြို့ ၊ ဈေးလယ်စိုးရပ်ကွက်နှင့် မြို့မအိုးဘိုရပ်ကွက်တို့ရှိ ဘုရားလမ်းတွင် လမ်းခင်းကျောက်များ စုဆောင်းထားရှိမှုအား (၂၂.၁.၂၀၂၁) ရက်နေ့၌ မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။  

မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ကွန်ကရိတံတားတည်ဆောက်မှုကွင်းဆင်းစစ်ဆေး

မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀−၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျှက်ရှိသော မကွေးမြို့ အောင်မေတ္တာရပ်ကွက် အဝေရာလမ်းနှင့် သစ်တောလမ်းဆုံတံတား(Box-culvert) တည်ဆောက်ခြင်းလုပ်ငန်းအား မကွေးမြို့နယ်စည်ပင် သာယာရေးကော်မတီမှ (၂၂.၁.၂၀၂၁) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။  
 

မကွေးမြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသော စတိုးဆိုင်များ ၊ မုန့်တိုက်များအား သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး

မကွေးမြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသော စတိုးဆိုင်များ ၊ မုန့်တိုက်များတွင် ရောင်းချလျက်ရှိသော   အချိုရည်များ အတုအပဖြန့်ဖြူးရောင်းချနေခြင်းရှိ/မရှိကို (၂၂.၁.၂၀၂၁)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန ၊ မြို့နယ်ကျန်းမားရေးဦးစီးဌာနနှင့် မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လိုက်လံစစ်ဆေး၍ ဓါတ်ခွဲနမူနာများ ကောက်ယူခဲ့ကြောင်း သိရသည်။

မကွေးမြို့နယ်စည်ပင်မှ အောင်မေတ္တာရပ်ကွက်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ချပြရှင်းလင်း

၂၀.၁.၂၀၂၁)ရက်နေ့တွင် မကွေးမြို့ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ အမှုဆောင်အရာရှိ၊ အင်ဂျင်နီယာမှူးနှင့် နယ်မြေတာဝန်ခံအင်ဂျင်နီယာများမှ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့်တည် ဆောက်ရေးလုပ်ငန်းများနှင့်ပတ် သက်၍ မြို့မိ/မြို့ဖများနှင့် ရပ်ကွက်နေပြည်သူများအား ရှင်းလင်းချပြဆွေးနွေးခဲ့ကြောင်း သိရသည်။

မကွေးမြို့နယ်စည်ပင်မှ အဝေရာလမ်း အုတ်ရေမြောင်းတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ရန် လုပ်ငန်းခွင်နှင့်မလွတ်ကင်းသော လမ်းဘေးဈေးဆိုင်များအား ဖယ်ရှားရှင်းလင်း

မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ရေစီးရေလာကောင်းမွန်စေရေး အတွက် ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းဖြစ်သောအဝေရာလမ်း အုတ်ရေမြောင်းတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ရန် လုပ်ငန်းခွင်နှင့်မလွတ်ကင်းသော လမ်းဘေးဈေးဆိုင်များအား (၂၀.၁.၂၀၂၁) ရက်နေ့တွင် မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဌာနဝန်ထမ်းများမှ ဖယ်ရှားရှင်းလင်းပေးရန် အကြောင်းကြားခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးမြို့နယ်စည်ပင်မှ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ mask&face shieldများကိုစနစ်တကျတပ်ဆင်ကြစေရေးအတွက်အသိပေးလှုံ့ဆော်ခြင်းနှင့် Mask များဝေငှ

မကွေးမြို့နေပြည်သူများcovid-19ရောဂါကာကွယ်တားဆီးရေးအတွက် လူတိုင်းMask တပ်ဆင်ရေး လက်ကိုမကြာခဏဆေးကြောရေးအတွက် Yellow Color Campaign ကိုမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှကြီးမှူး၍ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့တိုင်းဒေသကြီးဦးစီးမှူး၊ မကွေးတိုင်းဒေသကြီးတိုင်းကျန်းမာရေးတိုင်းဦးစီးမှူးနှင့်တိုင်းခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကန်သာစျေးစျေးကော်မတီတို့နှင့် မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ကန်သာစျေးတွင်၂၀.၁.၂၀၂၁ရက်နေ့နံနက် ၈နာရီ၃၀အချိန်တွင်ကျင်းပပြုလုပ်ခဲ့ပြီးစျေးရောင်းစျေးဝယ်များ၊လမ်းသွားလမ်းလာပြည်သူများအား ကူးစက်ရောဂါကာကွယ်ရေးအသိသတိရှိစေရေး mask&amp

Subscribe to မကွေး