Skip to main content

မကွေး

မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မကွေးတိုင်းဒေသကြီးလွှတ်တေ်ဝန်းအတွင်း သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်  

မကွေးတိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေး(၁/၂၀၂၁) အားကျင်းပရန် ကြိုတင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်သည့်အနေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ သန့်ရှင်းရေးဌာနစိတ် မှ (၁၇.၁.၂၀၂၁) ရက်နေ့တွင် လွှတ်တော်ဝန်း အတွင်း/ အပြင်နှင့် လွှတ်တော်အဆောက် အအုံ ပတ်ဝန်းကျင်တို့တွင် စည်ပင်သာယာရေးအဖွဲ့ အမှိုက်သိမ်းယာဉ် ၊ သန့်ရှင်းရေးလုပ်ငန်း သုံးစက်ပစ္စည်းများနှင့် လုပ်သားအင်အားများအသုံးပြုကာ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးမြို့နယ်စည်ပင်၏ တည်ဆောက်ရေးလုပ်ငန်းများအား တိုင်းဒေသကြီးဦးစီးမှူးမှလိုက်လံစစ်ဆေး

မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မကွေးမြို့ဆုံရပ်ကွက်၊ ကမ်းနားလမ်းရှိ မြစ်ရေတင်ရေပေးရေး ရေစက်ရုံအတွင်း နွေရာသီကာလတွင် မြစ်ကြောင်းပြောင်းလဲ၍ သောင်ထွန်းသည့်အချိန်တွင် ရေပေးရေးလုပ်ငန်းများ မရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန် တူးဖော်ဆောင်ရွက်လျှက်ရှိသော (၈)လက်မစက်ရေတွင်း တူးဖေါ်ခြင်းနှင့် မကွေးမြို့၊မြို့ရှောင်လမ်းတွင် အမှိုက်မှမြေသြဇာ ထုတ်လုပ်မည့် Compost Unit တည်ဆောက်ရေးလုပ်ငန်းခွင်များအား (၁၄.၁.၂၀၂၁) ရက်နေ့တွင် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ တိုင်းဒေသကြီးဦးစီးမှူးမှ လိုက်လံစစ်ဆေးခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများမှ လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်

မကွေးမြို့နယ်စည်ပင်မှ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ အများပြည်သူစားသုံးရန်မသင့်သောမြို့မဈေးအတွင်း တားမြစ်ဓါတုဆေးဝါးများ၊ မှိုနှင့် တာရှည်ခံဆေးဝါးများ ပါဝင်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတွင် ရောင်းချလျှက်ရှိသောဈေးဆိုင်များတွင် အများပြည်သူစားသုံးရန်မသင့်သော တားမြစ်ဓါတုဆေးဝါးများ၊ မှိုနှင့် တာရှည်ခံဆေးဝါးများ ပါဝင်မှုရှိ/မရှိကို (၁၄.၁.၂၀၂၁၀) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး အစား အသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၊မြို့နယ်ကျန်းမာရေး၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ ပူးပေါင်း၍ ကွင်းဆင်းကာဈေးကွက်နမူနာပစ္စည်းကောက်ယူခဲ့ကြောင်း သိရသည်။စစ်ဆေးစဉ်

မကွေးမြို့နယ်စည်ပင်၏ ၂၀၁၉-၂၀ခဒ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများအား ခရိုင် စာရင်းစစ်ရုံးမှ မြေပြင်စစ်ဆေး

၂၀၁၉ − ၂၀၂၀ခုဘဏ္ဍာရေးနှစ်အတွင်း မကွေးတိုင်းဒေသကြီးအစိုးရမှထောက်ပံ့သော ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် တည် ဆောက်ရေးလုပ်ငန်းများအား မကွေးခရိုင် စာရင်းစစ်ရုံးမှ မြေပြင်စစ်ဆေးခြင်းအား (၁၃.၁.၂၀၂၁) ရက်နေ့တွင် မကွေးမြို့နယ်စည်ပင် သာယာရေးအဖွဲ့ အင်ဂျင်နီယာဌာန တာဝန်ရှိသူများမှ လိုက်လံရှင်းလင်း၍ စစ်ဆေးမှုခံယူခဲ့ကြောင်း သိရသည်။

မကွေးမြို့နယ်စည်ပင်မှ နတ်မောက်လမ်း ပလက်ဖောင်းအခြေရှိ သဲ/ခဲများအားရှင်းလင်း

မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ (၁၁.၁.၂၀၂၀)ရက်နေ့တွင် မကွေးမြို့၊ နတ်မောက်လမ်း ပလက်ဖောင်းအခြေရှိ သဲ/ခဲများအား သန့်ရှင်းရေးဌာနစိတ်ဝန်ထမ်းများဖြင့်ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးမြို့နယ်စည်ပင်မှ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်အသုံးပြုခဲ့သော မဲလက်မှတ်များအား စွန့်ပစ်အမှိုက်ကွင်းတွင် မီးရှို့ဖျက်စီးမှုပါဝင်ဆောင်ရွက်

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်အသုံးပြုခဲ့သော မဲလက်မှတ်များအား မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ စွန့်ပစ်အမှိုက်ကွင်းတွင်  ( ၇.၁၁.၂၀၂၁) ရက်နေ့၌ မီးရှို့ဖျက်စီးခြင်းအား မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှိုက်သိမ်းယာဉ်(၂)စီးဖြင့် စည်ပင်သာယာရေးအဖွဲ့ သန့်ရှင်းရေးဌာနစိတ်မှ ဝန်ထမ်းများမှ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးမြို့နယ်စည်ပင်မှ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကြိုတင်ပြင်ဆင်ဆောင်ရွက်

(၄.၁.၂၀၂၁) ရက်နေ့တွင်ကျရောက်မည့်(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပြုလုပ်နိုင်ရေးအတွက် မကွေးမြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ မကွေးတိုင်းဒေသကြီးအားကစားဝင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ အလံတိုင်များစိုက်ထူခြင်း၊ ခုံနေရာချထားရေးဆောင်ရွက်ခြင်းများအား (၃၀.၁၂.၂၀၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆောင်ရွက်စဉ်  
 

မကွေးမြို့နယ်စည်ပင်မှ အဖွဲ့ပိုင် ရန်ပယ်ဈေး၌မီးဘေးကြိုတင် ကာကွယ်ရေးဆောင်ရွက်  

မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ရန်ပယ်ဈေး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မကွေးမြို့နယ်မီးသတ်ဦးစီးဌာနတို့မှ (၂၉.၁၂.၂၀၂၀) ရက်နေ့တွင်  မကွေးမြို့၊ ရန်ပယ်ဈေးအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  

မကွေးမြို့တွင်းလမ်း(၃)လမ်း နိုင်လွန်ကတ္တရာခင်းခြင်းနှင့် Box Culvert (၆)စင်း တည်ဆောက်ရေးလုပ်ငန်းများ အတွက် တင်ဒါခေါ်ယူနိုင်ရေး အကြို လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေးမြို့တွင်းလမ်း(၃)လမ်း နိုင်လွန်ကတ္တရာခင်းခြင်းနှင့် Box Culvert (၆)စင်း တည်ဆောက်ရေးလုပ်ငန်းများ အတွက် တင်ဒါခေါ်ယူနိုင်ရေး အကြို လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား (၃၀-၁၂-၂၀၂၀)ရက်နေ့ နေ့လည်(၁၄၀၀) နာရီ အချိန်တွင် မကွေးတိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီး၊ ဦးဇော်မင်းမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး အဆိုပါအစည်းအဝေးသို့ ဦးထွန်းဝေ၊ ညွှန်ကြားရေးမှူး၊ မကွေးတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဦးထင်အောင်၊ တိုင်းဒေသကြီးဦးစီးမှူး၊ မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေး အဖွဲ့၊ ဦးဝင်းမို

မကွေးမြို့နယ်စည်ပင်မှ စားသုံးဆီများဘေးအန္တရာယ်ကင်းရှင်းရေး ပူးပေါင်းစစ်ဆေး

မကွေးမြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသော စားသုံးဆီလုပ်ငန်းများအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးရန် ဈေးကွက်ထောက်လှမ်းရေး လုပ်ငန်းစီမံချက်အနေဖြင့် စားသုံးဆီနမူနာကောက်ယူခြင်း ဓါတ်ခွဲစမ်းသပ်ခြင်း လုပ်ငန်းများအားသက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်လျှက်ရှိရာ (၂၈.၁၂.၂၀၂၀)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး အစား အသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန ၊ မြို့နယ်ကျန်းမားရေးဦးစီးဌာနနှင့် မကွေးမြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့မှ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လိုက်လံစစ်ဆေး၍ နမူနာကောက်ယူခဲ့ကြောင်း သိရသည်။  

Subscribe to မကွေး