ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၈)၊ လက်ထောက်ညွှန်ကြား ရေးမှူး(၃)ရုံးမှ ၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်ရှိ မြစ်သာစီမံကိန်း၊ ဆည်ရေသောက်စနစ်၊ တူးမြောင်း အဆောက်အအုံလုပ်ငန်းအတွက် လိုအပ်သော အောက်ဖော်ပြပါ ပစ္စည်းများကို တင်ဒါစနစ်ဖြင့် ဝယ်ယူလိုပါသည် -
စဉ် Lot ပစ္စည်းအမျိုးအမည် အရေအတွက်
(က) Lot(1) သဲ ၄၀၀ ကျင်း
ကျောက်စရစ် ၃၀၀ ကျင်း
( ခ) Lot(2) အုတ် ၃၀၀၀၀၀ ချပ်
( ဂ) Lot(3) တောသစ် (အထူ) ၃၀ တန်
တောသစ်(အပါး) ၁၆ တန်
တင်ဒါပုံစံစတင်ရောင်းရမည့်ရက် ၄.၁၁.၂၀၂၀ (၀၉၃၀)နာရီ
တင်ဒါပုံစံရောင်းချမည့်နေရာ (၁) လက်ထောက်ညွှန်ကြားရေးမှူး(၃)ရုံး၊ တည်ဆောက်ရေး(၈)
(၂) ဖက်ဝန်းတူးမြောင်းစခန်း၊ မြစ်သာစီမံကိန်း၊ ဂန့်ဂေါမြို့
တင်ဒါပိတ်မည့်ရက်/အချိန် ၁၇.၁၁.၂၀၂၀ (၁၆၃၀)နာရီ
တင်ဒါဖွင့်မည့်ရက်/အချိန် ၁၉.၁၁.၂၀၂၀ (၀၉၃၀)နာရီ
တင်ဒါဖွင့်မည့်နေရာ (၁) ညွှန်ကြားရေးမှူးရုံး၊ တည်ဆောက်ရေး(၈)၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မကွေးမြို့
(၂) ဖက်ဝန်းတူးမြောင်းစခန်း၊ မြစ်သာစီမံကိန်း၊ ဂန့်ဂေါမြို့တို့တွင် Video Onlineစနစ်ဖြင့် ကျင်းပမည်။
အသေးစိတ်သိရှိလိုပါက (၁) ဖုန်း ၀၉-၂၅၄၃၂၉၁၈၇၊ ၀၉-၄၀၁၅၉၈၂၁၁(မကွေးရုံး)
(၂) ၀၉-၄၀၂၆၂၄၆၇၀(ဖက်ဝန်းစခန်း)