Skip to main content

အောင်လံမြို့နယ်စည်ပင်မှ ကွန်ကရစ်လမ်းလုပ်ငန်းအား မြို့နယ်စည်ပင်ကော်မတီနှင့် အဖွဲ့တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကွင်းဆင်းစစ်ဆေးစဉ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သည့် တရော်ကုန်းရပ်ကွက် တိုးချဲ့(၄)လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအတွက် မြေညှိမြေပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ထားမှုအခြေအနေ၊ လုပ်ငန်းသုံးပစ္စည်းများ စုဆောင်းထားရှိမှုအခြေအနေနှင့် ကွန်ကရစ်လမ်းပိုင်း စတင်ဆောင်ရွက်မှုအခြေအနေများကို ယမန်နေ့က မြို့နယ်စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် အင်ဂျင်နီယာမှူးတို့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ လုပ်ငန်းတာဝန်ခံအင်ဂျင်နီယာ ဒေါ်ခင်မာမာဝင်း (အငယ်တန်း အင်ဂျင်နီယာ-၂)မှ ဆောင်ရွက်မှုအခြေအနေ အသေးစိတ်အား လိုက်ပါရှင်းလင်းတင်ပြခဲ့ပြီး ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။