Skip to main content

ဂန့်ဂေါမြို့ ပြည်သူ့ဆေးရုံ၌ စုပေါင်းသန့်ရှင်း

ဂန့်ဂေါမြို့ ပြည်သူ့ဆေးရုံ၌ စုပေါင်းသန့်ရှင်း

ဂန့်ဂေါ  ဧပြီ ၃၀
 ဂန့်ဂေါမြို့ ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ အတွင်း/အပြင်ပတ်ဝန်းကျင်နေရာများ၌ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ ဧပြီ ၂၈ ရက်၊ နံနက်(၇)နာရီမှ(၁၀)နာရီထိ သန့်ရှင်းရေးလုပ်ငန်းများစုပေါင်း ဆောင်ရွက်ကြသည်။

ဂန့်ဂေါမြို့ ပြည်သူ့ဆေးရုံ၌ စုပေါင်းသန့်ရှင်း


 ထိုသို့ဆောင်ရွက်ရာသို့ ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးတို့နှင့် တာဝန်ရှိသူများ သွား ရောက်ကြည့်ရှု့အားပေးကြ၍ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သွင်ထူး ဦးဆောင်သည့် အရာရှိ၊ အရာခံ၊ အကြပ်တပ်သားများ၊ ခရိုင်မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထက်အောင်နှင့်တပ်ဖွဲ့ဝင် များပါဝင်သည့် စုစုပေါင်းအင်အား(၁၁၅)ဦးတို့ ပါဝင်ဆင်နွှဲကြသည်။
 အဆိုပါ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ရေနှုတ် မြောင်းများတူးဖော်ခြင်းတို့နှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။