Skip to main content

ဂန့်ဂေါမြို့နယ်စည်ပင်မှ လေ​ယာဉ်ကွင်းယာယီပျံကျစျေးစည်းကမ်းနှင့်အညီဖြစ်စေရေးကွင်းဆင်းစစ်ဆေး

ဆောင်ရွက်စဉ်

ဂန့်ဂေါမြို့ လေယာဉ်ကွင်းယာယီပျံကျစျေးတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးဉာဏ်ဦး၊ စျေးတာဝန်ခံ၊ အဖွဲ့ဝန်ထမ်းများ၊စျေးအကျိုးတော်ဆောင်အဖွဲ့များဖြင့်(၂၅-၁-၂၀၂၁)ရက်နေ့ နံနက် (၇:၀၀)နာရီအချိန် တွင် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာညွှန် ကြားချက်များနှင့်အညီဖြစ်စေရေး၊စျေးရောင်း၊စျေးဝယ်များအားသတ်မှတ်အကွာအဝေးမှစျေးရောင်းချစေရေး၊Faceshield နှင့် Mask များစနစ်တကျတပ်ဆင်စေရေး၊စျေးဝယ်များ စျေးအတွင်း အဝင်/အထွက်လက်ဆေး စေခြင်းများအားကွင်းဆင်း စစ်ဆေးကြပ်မတ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။