Skip to main content

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ မင်းဘူးခရိုင်/မြို့နယ် စုပေါင်းရုံး(၄)ထပ်ဆောင် အဆောက် အဦ အသစ်ဆောက်လုပ်ခြင်း ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်

ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်

မကွေး ဧပြီ  ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်/မင်းဘူးမြို့နယ် စုပေါင်းရုံး(၄)ထပ်ဆောင် အဆောက်အဦ အသစ်ဆောက်လုပ်ခြင်း ပန္နက်တော် တင်မင်္ဂလာအခမ်းအနားကို ဧပြီလ ၃၀ ရက် ယနေ့နံနက် ၈ နာရီက မင်းဘူးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသ ကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင် တက်ရောက်၍ ပန္နက်တိုင်အား စိုက်ထူပေးခဲ့သည်။
ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်က မင်းဘူးခရိုင်/မြို့နယ် စုပေါင်းရုံး(၄)ထပ်ဆောင် အဆောက်အဦသစ် ဆောက် လုပ်ခြင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပြီး၊ အဆောက်အဦသစ်အား တာဝန်ယူ တည်ဆောက်မည့် အေဝမ်း (A1) ဆောက်လုပ်ရေးကုမ္ပဏီမှ ဒုတိယ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်သိင်္ဂီလင်းမှ စုပေါင်းရုံး(၄)ထပ်ဆောင် တည်ဆောက်မည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြခဲ့သည်။

ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်


ယင်းနောက် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးတင့်လွင်၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးမင်းဦး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ ခရိုင်စီမံအုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစန်းဌေး၊ ခရိုင်စီမံအုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁)ဒုတိယဗိုလ်မှူးကြီး တင့်ကျော်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျ၊ အေဝမ်း(A1) ဆောက် လုပ်ရေး ကုမ္ပဏီ ဥက္ကဌ ဦးရန်ဝင်း၊ အေဝမ်း(A1)ဆောက်လုပ်ရေးကုမ္ပဏီ ဒါရိုက်တာ ဦးအာကာကြိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းဇော်ကံတို့က သတ်မှတ်နေရာ အသီးသီးတွင် နေရာယူကာ ပန္နက်တိုင်များအား စိုက်ထူပေးခဲ့ပြီး အမွေးနံ့သာရေများ ပက်ဖျန်းပေးခဲ့ကြသည်။

ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်


မင်းဘူးခရိုင်/မြို့နယ် စုပေါင်းရုံး(၄)ထပ်ဆောင် အဆောက်အဦသစ် ဆောက်လုပ်ခြင်းကို ပြည်ထောင်စု အစိုးရ ခွင့်ပြုရန်ပုံငွေကျပ် သိန်းပေါင်း နှစ်သောင်းနှစ်ထောင်ဖြင့် အလျား ၁၅၆ ပေ၊ အနံ ၇၈ ပေ၊ လေးထပ်ဆောင်ဖြစ်ပြီး၊ တင်ဒါအောင်မြင်ခဲ့သည့် ‌အေ၀မ်း(A1) ဆောက်လုပ်ရေးကုမ္ပဏီမှ ၂၀၂၁ ခုနှစ် ဧပြီလ ၃၀ ရက်နေ့မှ စတင်ကာ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ လုပ်ငန်းကာလ(၁၁)လဖြင့် အပြီးဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ ဦးတင့်လွင်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ အေဝမ်း(A1) ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ   တက်ရောက်ခဲ့ကြောင်း သိရသည်။