Skip to main content

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်နှင့် မင်းဘူးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မင်းဘူးခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

မကွေး    ဧပြီ    ၂၁
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်နှင့် မင်းဘူးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မင်းဘူးခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲ အခမ်းအနားကို ဧပြီလ ၂၁ ရက်နေ့ နံနက် ၉ နာရီက မင်းဘူးမြို့ မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။

တွေ့ဆုံပွဲ အခမ်းအနားကျင်းပ


အစည်းအဝေးတွင်  မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်က လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျန်းမာရေး၊ ပညာရေး ကဏ္ဍများကိုလည်း အဓိကထားဆောင်ရွက်ပေးရန်နှင့် ကိုဗစ်-၁၉ ကြောင့်ဖွင့်လှစ်နိုင်ခြင်းမရှိသည့် အခြေခံကျောင်းများအပါအဝင် တက္ကသိုလ်ကျောင်းများကိုလည်း အမြန်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊  စိုက်ပျိုးရေရရှိရေး၊ လျှပ်စစ်မီးလင်းရေး၊ မြစ်ရေတင် လုပ်ငန်းများအား Solor စနစ်ဖြင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တိုင်းဒေ သကြီးအတွင်း ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာစေရေးအတွက် ခရီးသွား လုပ်ငန်းကဏ္ဍများ တိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်  မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ကျရာ အခန်းကဏ္ဍများ အလိုက် နိုင်ငံဝန်ထမ်းကောင်းပီသစွာဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြဖို့၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ များနှင့်ညီ နေထိုင်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှိုင်တင့်က နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်နေမှု အခြေ အနေများနှင့် ပတ်သက်၍ ဆွေးနွေး မှာကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းဇော်ကံက မင်းဘူး(စကု)မြို့နယ် အုပ်ချုပ်ရေး၊ စီးပွားရေး၊လူမှုရေး ဒေသဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ရှင်လင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။

တွေ့ဆုံပွဲ အခမ်းအနားကျင်းပ
တွေ့ဆုံပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့် မင်းဘူး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစန်းဌေးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးသိန်းဇော်ကံနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနှင့်အဖွဲ့သည် စကုမြို့ မြို့မစည်ပင်သာယာဈေးအား အဆင့်မြှင့်တင်၍ ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရန်အတွက် စကုမြို့မ စည်ပင်သာယာဈေးအတွင်း ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြား ဆောင်ရွက်ခဲ့ပြီး၊ စကုမြို့ ပုညရှင်ဘုရားသို့ သွားရောက်ဖူးမျှော်ကာ ဘုရားကြီးအား ရှေးမူလက်ရာ အပျက် ပြန်လည်ပြုပြင်နိုင်ရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဆက်လက်ပြီး မင်းဘူးမြို့ မြို့မအထက်တန်းကျောင်းခွဲ ကျောင်းဆောင် သစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးကာ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်း ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတို့အား လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။