Skip to main content

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူး၍ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ဇီဝိတဒါန ငါးလွှတ်ပေးခြင်းဖြင့် ကုသိုလ်ယူ

ဇီဝိတဒါန ငါးလွှတ်ပေးခြင်း
မကွေး ဧပြီ ၁၇
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကာ နှစ်သစ်ကူးအခါသမယ ၁၃၈၃ ခုနှစ် မြန်မာနှစ် ဆန်း(၁)ရက်၊ဧပြီလ ၁၇ ရက်နေ့ နံနက် ၇ နာရီက မကွေးမြို့ ဧရာဝတီမြစ်ကမ်း ညောင်ကိုးပင် ဆိပ်တွင် ဇီဝိတဒါန ငါးလွှတ်ပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဇီဝိတဒါန ငါးလွှတ်ပေးခြင်း
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင် နှင့် အဖွဲ့ဝင်များ၊ တိုင်း၊ခရိုင်၊မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ပြည်သူများ တက်ရောက် ခဲ့ကြပြီး ဧရာဝတီမြစ်အတွင်း ငါးမြစ်ချင်းငါးသားပေါက် (၁၄၀၀၀)၊ရွှေဝါငါးကြင်း(၁၀၀၀၀)၊ ငါးခုံးမကြီး (၆၀၀၀)စသည့် ငါးသားပေါက်များ လွှတ်ပေးခြင်းဖြင့် ဇီဝိတဒါန ကုသိုလ်ရယူ ဆောင်ရွက်ခဲ့ကြပြီး၊ နံနက် ၈ နာရီ အချိန်တွင် မကွေးမြို့ ဖန်ခါးမြေဘိုးဘွားရိပ်သာ သက်ကြီး ပူဇော်ပွဲ၌ အသက် (၈၅)နှစ်နှင့် အထက်ဘိုးဘွားများအား ပူဇော်ကန့်တော့ကာ အဘိုးအဘွားများထံ ကန်တော့ပစ္စည်းများ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။