Skip to main content

ပခုက္ကူမြို့နယ်စည်ပင်၏ ပခုက္ကူမြို့(မြို့သစ်၊စက်မှုဇုန်)တိုးချဲ့ရေပေးရေးအတွက် ဒီဇိုင်းတင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ ရှင်းလင်းတင်ပြ

ဆောင်ရွက်စဉ်

၂၀၂၁ ခုနှစ်ဇန်နဝါရီလ ၂၃ ရက် စနေနေ့ နံနက်(၁၁:၃၀)နာရီတွင်  JICA ODA Loan ဖြင့် ပခုက္ကူမြို့(မြို့သစ်၊စက်မှုဇုန်)တိုးချဲ့ရေပေးရေးအတွက် ဒီဇိုင်းတင်ဒါအောင်မြင်သည့် JV Diamond Construction Co.,Ltd & Supremacy Co.,Ltd မှ တာဝန်ရှိသူများက ဒီဇိုင်းရေးဆွဲဆောင်ရွက်မှုအခြေအနေကို ပခုက္ကူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၊ အမှုဆောင်အရာရှိ ရုံးခန်းတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ဆက်စပ်ဌာနဆိုင်ရာတာဝန်ရှိသူများအား ရှင်းလင်းတင်ပြမှုအပေါ် တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။